Pages

Facebook Fan Box

“ သင်သည် ဖေ့ဘုတ် သုံးသူတစ်ယောာက် ဖြစ်ပါက အောက်ရှိ Fan Page တွင် Like လုပ်ထားခြင်းအားဖြင့် ဘလော့ဂ်မှပို့စ်များအား ဖေ့ဘုတ်တွင် တပြိုင်နက်တည်း ဖတ်ရှုနိုင်ပါပြီ ”

Fan Page's Update

Saturday, February 18, 2012

အသက်ရှိနေစဉ်မှာ အမေ့ကိုထွေးပွေ့ဖို့မမေ့ပါနဲ့

အသက်ရှိနေစဉ်မှာ အမေ့ကိုထွေးပွေ့ဖို့မမေ့ပါနဲ့



လူတစ်ယောက်ဟာကားမောင်းလာရင်း စတိုးဆိုင်တစ်ခုမှာ နှင်းဆီပန်းစီးတွေ ပို့ပေးဖို့အတွက် အော်ဒါမှာဖို့ ရပ်လိုက်တယ် ။ ဟိုး မိုင်ပေါင်း ၂၀၀ ကျော်ဝေးတဲ့အရပ်မှာ နေတဲ့ သူ့မိခင်ဆီ ပန်းစည်းပို့ပေး ဖို့အ တွက် အော်ဒါမှာမလို့ ဖြစ်ပါတယ် ။

သူ့ကားဆီကို ပြန်ရောက်တဲ့အခါ ကားနားမှာ ငိုပြီးရပ်နေတဲ့ မိန်းကလေးငယ်လေးတစ်ဦးကိုတွေ့လိုက်ရတယ် ။ သူက မိန်းကလေးကိုမေးလိုက်တယ် ။ ဘာဖြစ်လို့ငိုနေရတာလဲလို့ပေါ့ ။ ကောင်မလေးကပြန်ပြောတယ် ။ “ သမီး အမေအတွက် သမီးနှင်းဆီတစ်ပွင့် ၀ယ်ချင်လို့ပါ ဒါပေမယ့် သမီးမှာ ငွေ ငါးဆယ်ပဲရှိ ပါတယ် နှင်း ဆီတစ် ပွင့်ကို ငွေနှစ်ရာကျပါတယ် ”

အဲဒီလူက ပြုံးလိုက်ပြီးပြောတယ် “ လာလာ ဦးဦးနဲ့လိုက်ခဲ့ ဦးဦးသမီးအတွက် နှင်းဆီတစ်ပွင့်ဝယ်ပေးမယ်နော် ”

ပြီးတော့ အဲဒီကောင်မလေးကို နှင်းဆီ ပန်းရောင်းတဲ့ဆိုင် ထဲခေါ်သွားပြီး သူ့အမေအတွက် နှင်းဆီပန်းတွေ ၀ယ်ပေး လိုက်တယ် ။ အပြန်လမ်းမှာ အဲဒီလူက ကောင်မလေးကို အိမ်ကိုပြန်လိုက်ပို့ပေးရမလားလို့ မေးခဲ့တယ် ။

ကောင်မလေးက “ ဟုတ်ကဲ့ ဦးဦးကျေးဇူးပြုပြီးလိုက်ပို့ပေးပါ သမီးအမေဆီ ဦးဦးကိုခေါ်သွားပါ့မယ် ” လို့ပြန်ပြော လိုက်တယ် ။

ဒီလိုနဲ့ ကောင်မလေး သူ့ကို လမ်းညွှန်ခေါ်ဆောင်သွားတဲ့နေရာကတော့ သင်္ချိုင်းတစ်ခုထဲက အသစ်စက်စက် အုတ်ဂူ တစ်ခုဆီကိုပါပဲ ။ သူ့အမေအုတ်ဂူဆီရောက်တဲ့အခါ ကောင်မလေးက ဖြေးဖြေးလေး နှင်းဆီပွင့်လေးကို အုတ်ဂူပေါ် တင်လိုက်ပါတော့တယ် ။

###############################

အဲဒီလူဟာ နှင်းဆီပန်းရောင်းတဲ့ဆိုင်ကိုပြန်လာခဲ့တယ် ။ သူမှာခဲ့တဲ့ နှင်းဆီ ပန်းပို့ခိုင်း တဲ့ အော်ဒါ ကိုဖျက်ပြီး နှင်းဆီပန်းလှလှ တစ်စီးကိုရွေးပြီးဝယ်လိုက်တယ် ။ ပြီးတော့ မိုင်ပေါင်း ၂၀၀ ကျော်ဝေးတဲ့ သူ့အမေဆီ ကို နှင်းဆီ ပန်းစည်းလေးကိုင်ဆောင်လို့ ထွက်ခွာသွားပါတော့တယ် ။

##############################

အဖေ နဲ့ အမေ အသက်ရှိနေစဉ်မှာ ကျွန်တော်တို့ဟာ လေးနက်စွာ ပြန်လည်ဂရုစိုက်ပေးဖို့လိုပါတယ် ။ သေလွန်သွားခါမှ ပန်းစည်းသွားပေးရတာထက်စာရင် မသေသေးခင်မှာ အမေ့ကို ယုယ ပိုက်ထွေးပေးကြ ဖို့မမေ့ပါနဲ့။ မိဘတွေ ဟာ သားသမီးတွေဆီက တကယ်လိုအပ်တာ ငွေကြေးမဟုတ်ဘူး ။ တိုက်တာ အဆောက်အ အုံတွေမဟုတ်ဘူး ။ ပြန်လည်ပေးဆပ်မှုတွေလည်းမဟုတ်ဘူး ။ သင့်ကို နွေးထွေး စွာ ပွေ့ဖက် ထားချင်တဲ့ အခွင့်လေးတစ်ခုပါပဲ ။

သက်တန့်ချို
Feb 18-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

Sofar Away Fromu said... Best Blogger Tips[Reply to comment]Best Blogger Templates

အားပေးပါတယ်...

ဖြိုးဇာနည် said... Best Blogger Tips[Reply to comment]Best Blogger Templates

ကျွန်တော်ကံကောင်းတယ်ပြောရမှာပါပဲ
အခုအထိကျွန်တော်အမေ့အိမ်မှာနေရုံတင်မကပဲ
အမေ့ရင်ခွင်ထဲမှာပါနေခွင့်ရနေတုန်းပါပဲ။
စာလေးကိုဖတ်ပြီး ကွန်ပျူတာနာကနေ အမေ့
နားကိုပြေးသွာိးုက်မိတယ် သိလား

YL said... Best Blogger Tips[Reply to comment]Best Blogger Templates

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

rose of sharon said... Best Blogger Tips[Reply to comment]Best Blogger Templates

အမလဲ အဖေ့ကို မထွေးပွေ့ခဲ့ မနမ်းခဲ့မိလို့ နောင်တရနေခဲ့ယ်...အဖေဆုံးပြီးနောက်ပိုင်း ရန်ကုန်ပြန်တိုင်း အမေ့ကို ခဏခဏဖက်နမ်းတယ်...

peace said... Best Blogger Tips[Reply to comment]Best Blogger Templates

ကျွန်တော်ကတော့ ထွေးပွေ့တာတင်မဟုတ်ဘူး ဖင်ပါဆေးပေးတယ်ဗျို့ အမေလေဖြန်းတုန်းကပေါ့ ၁၅၀၀ ချစ်သူနဲ့တော့မလဲနိုင်ဘူးဗျာ

peace said... Best Blogger Tips[Reply to comment]Best Blogger Templates

ကျွန်တော်ကတော့ ထွေးပွေ့တာတင်မဟုတ်ဘူး ဖင်ပါဆေးပေးဘူးတယ်ဗျို့ အမေလေဖြန်းတော့ကပေါ့ ၁၅၀၀ချစ်သူနဲ့တော့မလဲနိုင်ဘူးဗျို့

Angelhlaing(May everybody be happy and healthy! said... Best Blogger Tips[Reply to comment]Best Blogger Templates

ရင်ထဲမှာတော့ အလွမ်းတွေ အပြည့်နဲ့ပေါ့အကို... မဝေးတော့တဲ့ တစ်နေ့နေ့တော့...အိမ်ပြန်ဖြစ်မှာပါလေ...

peace said... Best Blogger Tips[Reply to comment]Best Blogger Templates

လိုင်းမကောင်းလို့ဗျာ ၂ခါဖြစ်သွားတယ်

အလင်းသစ် said... Best Blogger Tips[Reply to comment]Best Blogger Templates

နင့်ခနဲပါပဲအကိုရေ.. ကျွန်တော်ကတော့ ထွေးဖက်ခွင့်ကို ဒီတစ်သက် မရနိုင်တော့ပါဘူး.. :(

shwesin said... Best Blogger Tips[Reply to comment]Best Blogger Templates

ကြိုးစားနေပါတယ်အမေရောအဖေရောအသက်ရှင်နေတုံးထွေးပွေ့နိုင်ဖို့ပါ

Post a Comment

Related Posts with Thumbnails

ရေးနေသမျှ စာစုများ