Pages

Facebook Fan Box

“ သင်သည် ဖေ့ဘုတ် သုံးသူတစ်ယောာက် ဖြစ်ပါက အောက်ရှိ Fan Page တွင် Like လုပ်ထားခြင်းအားဖြင့် ဘလော့ဂ်မှပို့စ်များအား ဖေ့ဘုတ်တွင် တပြိုင်နက်တည်း ဖတ်ရှုနိုင်ပါပြီ ”

Fan Page's Update

Wednesday, February 29, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )




ဒီတဂ်ပို့စ်လေးရေးဖြစ်တဲ့အကြောင်းကတော့ အခုဆို ကြားဖြတ်ရွေးကောက်ပွဲလည်းနီးလာပြီဆိုတော့ ငါးထောင် တန် ဖုန်းထုတ်ပေးမယ့် ကုမ္မဏီနဲ့ ဆက်သွယ်ရေးတို့ အပြိုင်အ ဆိုင် ကြေငြာချက်တွေလာပြီးတဲ့အနောက်မှာ အခုဆို သွေးအေးသွားသလိုဖြစ်နေခဲ့ရတယ် ။

တစ်ဦးအားနဲ့မစွမ်းသာ စုပေါင်းကူညီပါဆိုတဲ့အတိုင်း မြစ်ဆုံအရေးတုန်းကလို ဘလော့ဂါတွေ စုပေါင်းပြီး ကျွန်တော် တို့ ငါးထောင်တန်ဖုန်း ပေါ်ပေါက်လာဖို့ ၀ိုင်းဝန်းတောင်းဆိုကြပါစို့လား ။ ဒီနေရာမှာ တစ်ခုပြော ချင်တာကတော့ အခု တဂ်ပို့စည် ရွှေပြည်တံခွန်နဲ့လည်းမဆိုင် ဆက်သွယ်ရေးနဲ့လည်းမဆိုင်ပဲ ပြည်သူတွေထဲက ပြည်သူဘလော့ဂါ တစ်ယောက်အနေနဲ့ရိုးရိုးသားသား တန်ဖိုးနည်းဖုန်းတွေ ချထားလို့ တောင်းဆိုတဲ့သဘောပါပဲ ။ မဖြစ်နိုင်ဘူးလို့တော့ တရားသေမပြောစေချင်ပါဘူး ။ နိုင်ငံတကာမှာ ဒီဈေးနဲ့ ရတဲ့အတွက် ဖြစ်ကိုဖြစ်နိုင် ပါတယ် ။ အခုဆို အားလုံးသိနေကြပြီပဲ တချိန်က သိန်း ၃၀ ၊ ၄၀ လောက်ပေးဝယ်ခဲ့ကြရတဲ့ ဆင်းကဒ်တစ်ခုဟာ အဲဒီအ ချိန် တခြားအိမ်နီးခြင်းနိုင်ငံတွေမှာ မြန်မာငွေနဲ့တွက်ရင် ငါးထောင်ထက်မပိုတဲ့ဈေးနဲ့ရနေခဲ့ပြီ ။ အ တိတ်တွေ ကို ထားခဲ့ပါတော့ ပစ္စုပ္ပန်မှာ တော့ တန်ဖိုးနည်းဖုန်း ဟာအိပ်မက်တစ်ခုမဟုတ်ပါဘူး ဖြစ်ကိုဖြစ် လာ သင့်တဲ့အရာတစ်ခုဖြစ်ပါတယ် ။

ကဲ တဂ်ပို့စ်လေးစပါပြီ ။ အောက်မှာ မေးခွန်းလေးတွေမေးထားပါတယ် ။ သူငယ်ချင်းတွေ အနေနဲ့ကူ ညီပြီးဖြေပေး ကြပါဦးခင်ဗျာ ။ ကျွန်တော့်အဖြေလေးတွေလည်း ဖြေပေးထားပါတယ် ။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။

- ကျွန်တော့်အနေနဲ့တော့ မရယ်ရတဲ့ ဟာသတစ်ခုကို ကြားလိုက်ရသလိုပါပဲ ၂ သိန်းဆိုတာ တန်ဖိုးနည်းပါ့မလား အခြေခံလက်လုပ်လက်စား ဘ၀တွေအတွက်တော့ အိပ်မက်တစ်ခုဖြစ်နေတုန်းပါပဲ ။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

- အရမ်းကိုကောင်းပါတယ် လုပ်နိုင်သူတွေကိုလည်း အားပေးပါတယ် ဆက်လက်ပြီး လုပ်ကြဖို့လည်း တိုက်တွန်း ချင်ပါတယ် ။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင် မိပါ သလဲ ။

ဒါဟာလည်း ဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုလို့ယူဆမိပါတယ် ။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။

ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်ငါးထောင်တန်သာမကဘူး အခုဆိုရင် ဆင်းကဒ်အလ ကားပေး မယ့် ကုမ္မဏီတွေတောင် ရှိတယ်လို့ ပြောသံတွေကြားရပါတယ် ။ ဒါကြောင့် ပြည်သူတစ်ယောက်အနေနဲ့ ဒီလို တန်ဖိုးနည်းဖုန်းပေါ်ပေါက်လာမှာကိုတော့ကြိုဆိုပါတယ် ။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး ချရေးပေးပါ ။

သတင်းအချက်အလက်တွေ ယိုစီး ပြန့်ကျဲနေတဲ့ခေတ်ကြီးထဲမှာ အရာရာဟာ အမှန်နဲ့အ မှား ရောထွေး လို့နေပါ တယ် ။ တလောကလည်း ရွှေပြည်တံခွန်က လွင်နိုင်ဦးဟာအ ခြေအမြစ်မရှိဘူး ဘာညာနဲ့ စာတွေ ဖေ့ ဘုတ်ပေါ်မှာ ဖတ်လိုက်ရသေးတယ် ။ ဒီတော့ လွင်နိုင်ဦးကို ဆက်သွယ်ရေးအနေနဲ့ သူတို့ကို ကြောတယ် ( သူတို့အရင်လမ်း ဖွင့်ပေးရမှာကို မဖွင့်ပဲ လွင်နိုင်ဦးက အရင် တန်ဖိုးနည်းဖုန်း တွေချပေးမယ်ပြောခြင်း ) အပေါ် စိတ်ခုတယ်ဆိုရင်လည်း ဆက်သွယ်ရေးအနေနဲ့လုပ်ပြလိုက်ပါ ။ ဒါပေမယ့် ၂ သိန်းတန်ဖုန်းကိုတော့ ကျေးဇူးပြုပြီး တန်ဖိုး နည်းဖုန်းလို့မပြောပါနဲ့ ။ ဘယ်လိုမှ တန်ဖိုးမနည်းပါဘူး တန်ဖိုးကြီးဖုန်းဖြစ်ပါတယ် ။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီးနဲ့ ဆက်သွယ်ရေး တို့ ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်နဲ့ ပြည်သူတွေ အတွက်အသက် သာဆုံး ဖုန်းတွေ သုံးလို့ရအောင်စီစဉ်ပေးစေချင်ပါတယ် ။

ဒါဟာ အခြေခံ ကျွန်တော်တို့ မြန်မာပြည်သူတွေ အတွက် အလွန်ကို အရေးကြီးပါတယ် ။ အကယ်၍ ဆက် သွယ်ရေး တာဝါတိုင်တွေနဲ့ တခြားအရာတွေအတွက် budget မလောက်ဘူးဆိုရင်လည်း ပြည်သူတွေကို ရသုံးငွေစာ ရင်းကို အတိအလင်းထုတ်ပြန်ပေးစေချင်ပါတယ် ။ ဒါဟာ ကျွန်တော့်အမြင်သက်သက်ပါ ။ ပြည်သူတွေ ထဲက ပြည်သူတစ်ယောက်အနေနဲ့ကတော့ ငါးထောင်တန်ဖုန်းလို တန်ဖိုးနည်း ဖုန်းတွေပေါ်ပေါက် လာစေဖို့ သွေးမအေးပဲ ဆက်လက်တောင်းဆို သွားဦးမှာပါ ။

######################################

ဒီ မေးခွန်းငါးခုလေးနဲ့ တဂ်ပို့စ်လေးကို ကျွန်တော့်သူငယ်ချင်း ဘလော့ဂါအချို့ကို ဆက်ပြီးတဂ်လိုက်ပါတယ် ။ အတဂ် ခံရတဲ့ ဘလော့ဂါများအနေနဲ့လည်း မိမိတို့ ခင်ရာမင်ရာ သူငယ်ချင်းတွေကို ဆက်လက်တဂ်သွားကြဖို့ တိုက်တွန်းလိုက်ပါရစေ ။

၁ ။ ဆရာမ ရွှေစင်ဦး
၂ ။ မနိုင်း ( နိုင်းနိုင်းစနေ )
၃ ။ ကိုဇော်
၎ ။ မနမ်းမ၀ (အဖြူရောင်နတ်သမီး )
၅ ။ မ မိုးငွေ့
၆ ။ မ နန်းဝါ၀ါမောင်
၇ ။ ကိုကြီး ( Multiply)
၈ ။ သဒ္ဓါလှိုင်း
၉ ။ ကိုအောင် (ပျူနိုင်ငံ )
၁၀ ။ မချော (ချောအစိမ်းအရောင်လွင်ပြင်)
၁၁ ။ အန်တီတင့်
၁၂ ။ သက်ဝေ
၁၃ ။ မဒိုးကန် (မဒမ်ကိုး)
၁၄ ။ ကိုပီတာ (ကိုပီတာရဲ့အတွေးပုံရိပ်များ )
၁၅ ။ အိန်ဂျယ်လှိုင်
၁၆ ။ အလင်းသစ်
၁၇ ။ မိုးယံ

၁၇ ယောက်ကိုတ ဂ်လိုက်ပါတယ် ။ အချင်းချင်းလည်းဆက်လက်တ ဂ်သွားပြီး ငါးထောင်တန်ဖုန်း အကြောင်းလေး သွေး မအေးကြရအောင် ဆက်လက်လုပ်ဆောင်ကြပါစို့ ။

( စာရေးပျင်းတဲ့ သူငယ်ချင်းတွေကို များများတဂ်ကြနော် :)

သူငယ်ချင်းအားလုံးအား လေးစားချစ်ခင်စွာဖြင့်

သက်တန့်ချို
Feb 29-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

24 comments:

ကိုဇော် said... Best Blogger Tips[Reply to comment]Best Blogger Templates

မဟားဒယားကို ဖြစ်သင့်တာပေါ့ဗျာ။
ငါးထောင်တန် ကဒ်ကို ထောက်ခံပါတယ်။
ဒီ့ထက် ဈေးများတာကို ရှုတ်ချပါတယ်။
ငါးထောင်ထက် ပိုဈေးနည်းမယ် ဆိုရင် ပိုပြီး ကြိုဆိုပါတယ်။

Mr Khin said... Best Blogger Tips[Reply to comment]Best Blogger Templates

သက်တန့်ချို..ရေ..
သင့်ရဲ့ ဘလော့ပေါ် က မေးခွန်းတွေ အားလုံးကို ရက်စ်တူအောလ် လို့ပဲဖြေရပါလိမ့်မယ်။ ကျွန်တော်တို့တတွေ နည်းလမ်းပေါင်းစုံ ကို သုံးကြရမှာ.. ဒါမှတော်ခါကျမယ်။ ခင်ဗျားလည်း သိတဲ့အတိုင်းပဲ ဘယ်နိုင်ငံမှာမှ တန်ဖိုးနည်းဖုန်းဆိုတာမရှိပါ။ ကျနော်ပြောတာ SIM ကာဒ်ကိုပြောတာ။ ကိုယ်ကြိုက်တဲ့ဈေး ကြိုက်တဲ့ကုမ္ပဏီ ကဝယ်လို့ရတယ်။ ခုဗမာပြည်မှာက SIM ကာဒ်ဖြန့်ချိမှု ကို အစိုးရက အသေဆုတ်ကိုင်ထားတာလေ။အခု ဆိုယင် နှစ်သိန်းခန့်နဲ့ ဖြန့်မယ်ဆိုတဲ့ကုမ္ပဏီ 23 ခုမှာလည်း သူခိုးသေလို့ မငိုဝံ့ ဆိုတာလိုဖြစ်နေတယ်တယ်လေ။ ထိတ်တန်းအာဏာပိုင်တွေ ကို တန်စိုး လက်ဆောင်တွေပေးပြီး ပြည်သူတွေဆီက မတန်တဆဈေးနှုန်း နဲ့ တင်ပြီးရိုက်ဖို့ ကြံထားတာလေ။ အခုဆိုသူတို့ တသိန်းရှစ်သောင်းထက် ပိုလျှော့လို့ မရဖြစ်နေကြတယ်။ ရွှေပြည်တံခွန်ကုမ္ပဏီ အနေနဲ့ ငွေအားပိုတောင့်ပြီး မြန်မြန်လေးအကောင်အထည်ဖော်နိုင်ဖို့ယင် အများပိုင်ကုမ္ပဏီ တခုလုပ်ပစ်ဖိုနေပြီလေ။ ဒါလည်း ရိုက်စားကုမ္ပဏီ ဖြစ်မလာအောင်လို့ စာရင်းစစ်အဖွဲ့ ကောင်းကောင်းနဲ့transperant ဖြစ်ဖို့တော့လိုတာပေါ့။

မဒမ်ကိုး said... Best Blogger Tips[Reply to comment]Best Blogger Templates

အယောက် ၅၀ ကျော်တဂ်ပေးမယ်စိတ်ချ. လုံးဝကိုထောက်ခံတယ်
ဒါပေမယ့်လူကိုနာမည်လာမဖျက်ပါနဲ့ဟင်းးဟင်းးး

း)))

ဂျာရစ်

Z@! said... Best Blogger Tips[Reply to comment]Best Blogger Templates

ဒီအကြောင်းကို ပြောချင်လွန်းလို့ပါဗျာ..မတဂ် လဲရေးမလို့ လုပ်နေတာပါ။ အဟီး.. ရုံးမှာက UPLOADING ကို ပိတ်ထားလို့ ဘလော့တွေ တင်မရဖြစ်နေတာ.
စပယ်ရှယ်ကို ရေးပေးမယ် စိတ်သာချ ကိုသက်တန့်ရေ
သေသေချာချာကို ရေးပေးပါ့မယ်

အလင်းသစ် said... Best Blogger Tips[Reply to comment]Best Blogger Templates

ဖြစ်စေချင်တယ်အကိုရေ။။ ဆင်းမ်ကဒ်တစ်ခု ၅၀၀၀ ဆိုတာ နိုင်ငံတကာနှုန်းနဲ့လည်း ကိုက်ညီတယ်လို့ ထင်ပါတယ်။။ လက်မတစ်ပြားစာလောက်လေးကို ၁၅သိန်း၊ သိန်း ၂၀ ဆိုတော့ ဟိုးအရင်တုန်းက ဆင်းမ်ကဒ်ဆိုတာကို အထူးအဆန်းတွေဖြစ်လို့။။ အခုကျ Handset သာရှိရင် လမ်းမှာဝေနေတဲ့ ကဒ်တစ်ခုယူထည့်လိုက်ပြီး ပိုက်ဆံသွင်းပြီးဆက်ရင် ရနေတာတွေ့တော့ ဆင်းမ်ကဒ်ဆိုတာ ဘာမှမဟုတ်တော့သလိုပဲ..:P။။

ကိုအောင်(ပျူနိုင်ငံ) said... Best Blogger Tips[Reply to comment]Best Blogger Templates

အမှတ်တရ တက်ဂ်တဲ့အတွက် ကျေးဇူးပါ ...း)

မိုးယံ said... Best Blogger Tips[Reply to comment]Best Blogger Templates

ရင်တသိမ့်သိမ့်နဲ့ ဖတ်လာတာ..အောက်ဆုံးက နံမည်ကိုမြင်တော့ သရဲတစ္ဆေတစ်ကောင်မြင်လိုက်ရသလိုပဲ... ဟဲဟဲ ဘာပဲဖြစ်ဖြစ် ပါလေရာ ငါးပိချက်ဆိုတော့ ဆိုရေးရှိက ဆိုအပ်စွ ဆိုသလို ဟိုမှာ ကော်ပီ ဒီမှာကော်ပီလုပ်ပြီး ကိုယ့်စာမျက်နှာမှာ paste လုပ်ရဦးမှာပေါ့.... ဟီဟိ..။ ကျေးဇူး ဦးသက်တန့်

SHWE ZIN U said... Best Blogger Tips[Reply to comment]Best Blogger Templates

ကိုသက်တန့် ရေ

ပိုစ့်လေး ကိုရေးပါမယ် စိတ်ချ

mr.high flyer said... Best Blogger Tips[Reply to comment]Best Blogger Templates

ငါးထောင်တန်ဖုံးကိစ္စဟာအလွန့်အလွန်ကိုဖြစ်သင့်တဲ့ကိစ္စပါ..ထောက်ခံပါတယ်...သဘောတူပါတယ်..

SHWE ZIN U said... Best Blogger Tips[Reply to comment]Best Blogger Templates

ဒီမှာလည်း မန့်ထားမရှိတော့ဘူး ကိုသက်တန့်ရေ

ပို့စ်လေး ရေးမယ်နော် စိတ်ချ အလကားကို လိုချင်နေတာ

ကိုအောင်(ပျူနိုင်ငံ) said... Best Blogger Tips[Reply to comment]Best Blogger Templates

http://www.pyustate.com/2012/02/blog-post_29.html

Z@! said... Best Blogger Tips[Reply to comment]Best Blogger Templates

ကိုင်း ချက်ချင်းပဲ ရေးပြီးတင်ပေးလိုက်ပါပြီဗျာ..

http://zaizailife.blogspot.com/2012/02/blog-post_29.html

Angelhlaing(May everybody be happy and healthy! said... Best Blogger Tips[Reply to comment]Best Blogger Templates

ဖြစ်စေချင်တယ် ဆိုတာထက်ကို ပိုပါတယ်အကိုရေ... ရေးဖြစ်အောင်ရေးမယ်အကို...တင်္ဂပေးလို့ ကျေးဇူးပါလို့..

peter kyaw said... Best Blogger Tips[Reply to comment]Best Blogger Templates

ဆရာသက်...
တစ်သဘောထဲပါပဲဗျာ...

နိုင်းနိုင်းစနေ said... Best Blogger Tips[Reply to comment]Best Blogger Templates

မြန်မာပြည်က ဟန်းဖုန်းအကြောင်း မသိနားမလည်သူကို လာရေးခိုင်းတော့.. ဘာရေးရမလဲ စဉ်းစားလိုက်အုန်းမယ် :P

နိုင်းနိုင်းစနေ said... Best Blogger Tips[Reply to comment]Best Blogger Templates

မြန်မာပြည်က ဟန်းဖုန်းအကြောင်း မသိနားမလည်သူတစ်ယောက်ကို လာရေးခိုင်းတော့.... နားမလည်သလိုပဲ ရေးလိုက်တော့မယ်း)

ချစ်စံအိမ် said... Best Blogger Tips[Reply to comment]Best Blogger Templates

ဖြစ်သင့်ရေးသင့်တဲ့တဂ်လေးပါ

mstint said... Best Blogger Tips[Reply to comment]Best Blogger Templates

မောင်သက်တန့်ရေ... တဂ်ပို့စ်လေးဆိုပေမယ့် အများအတွက်အကျိုးရှိပြီး အားပေးထောက်ခံသင့်တဲ့ တဂ်ပို့စ်လေးတစ်ပုဒ်မို့ ကြည်နူးစွာရေးမှာပါကွယ်။
ကြည်လင်အေးမြသောစိတ်ဓာတ်အမြဲပိုင်ဆိုင်ပါစေ။

မေတ္တာဖြင့်
အန်တီတင့်

8Yar said... Best Blogger Tips[Reply to comment]Best Blogger Templates

အစ်မနိုင်နိုင်းဆီမှာ အခုပဲ Tag Post လေးကိုဖတ်လာပါတယ်ခင်ဗျာ။ အရမ်းကောင်းတဲ့ လုပ်ဆောင်မှုပါ။ ကြိုးစားမှုတိုင်းမှာ အောင်မြင်ခြင်းရှိပါတယ်ခင်ဗျာ။

မြသွေးနီ said... Best Blogger Tips[Reply to comment]Best Blogger Templates

အများဆန္ဒကို လှစ်လျူမရှုပဲ လူကြီးမင်းတို့ စဉ်းစားဆောင်ရွက်ပေးဖို့ အချိန်ကျရောက်လာပြီလို့ ထင်မိကြောင်းပါ။

♫♪★လွမ်းပိုင်ရှင်★♪♫: said... Best Blogger Tips[Reply to comment]Best Blogger Templates

ကိုအလင်းသစ်ရဲ့ ကျေးဇူးကြောင့် တဂ်ပို့လေးရေးဖြစ်ခဲ့ပါတယ်ဗျာ..။
အကိုအမြင်လေးလဲ ဖတ်ရှုသွားပါတယ်။
ခင်မင်လေးစားလျှက် (လွမ်း)
www.lwanpaishin.blogspot.com

ကိုတုတ်ကြီး said... Best Blogger Tips[Reply to comment]Best Blogger Templates

ဘာမှရှည်ရှည်ဝေးဝေး စဉ်းစားမနေပါနဲ့ဗျာ
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းကိုသာ လဲလေိုက်ကြပါ
ဖုန်းတွေ အလကားပေးတဲ့ခေတ်ရောက်လာပါလိမ့်မယ်...
ဘယ်သူမှလဲ လက်ညောင်းအောင် ရေးစရာမလိုတော့ပါဘူး...
အာညောင်းအောင်လဲ ရှင်းလင်းပွဲ မလုပ်ရတော့ပါဘူး

:) :) :)

Anonymous said... Best Blogger Tips[Reply to comment]Best Blogger Templates

မဒိုးကန်ရဲ့အားပေးမှုနဲ့ရေးဖြစ်ခဲ့တယ်ကိုသက်တန့်ရေ..ရွှေပြည်ကြီးကညီအကိုမောင်နှမတေါအားလုံးဆက်သွယ်မှုဧရိယာအတွင်းအမြန်ဆုံးရောက်နိုင်ကြဖို့ဆုတောင်းပါတယ်..

ခင်တဲ့
ပျိုးယုဝသုန်

အဖြူရောင်နတ်သမီး said... Best Blogger Tips[Reply to comment]Best Blogger Templates

http://seaandangel.blogspot.com/2012/03/blog-post_05.html

ရေးပြီးပါကြောင်း သတင်းပို့ပါသည်။



(မေး)၁။ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။

(ဖြေ)၁။လွန်ခဲ့တဲ့(၅)နှစ်က အမှန်တစ်ကယ်ကို ၂၅သိန်းပေးပြီး ဝယ်ခဲ့ရတဲ့အတွက် (၁၀)သိန်းတန်ဖုန်း၊ (၅)သိန်းတန်ဖုန်းတွေပေါ်လာတဲ့အချိန်မှာ တစ်ကယ့်ကို အံ့သြခဲ့ရပါတယ်၊ငွေကြေးပမာဏ အဆပေါင်းများစွာ ကွာခြားသွားတဲ့အတွက် မြန်မာပြည်သူတစ်ယောက်အနေနဲ့

ဝမ်းသာခဲ့ရပါတယ်၊ Quaility ပိုင်းကတော့ ဖုန်းနှစ်လုံးကို ယှဉ်ပြီး မသုံးကြည့်ရသေးတဲ့အတွက် မဝေဖန်ပါ။

ကျမ အနေနဲ့ ဖုန်းတစ်လုံးကို သုံးစွဲမှုအပေါ်မှာ ဖုန်းရဲ့တန်ဖိုးထက်ထိုဖုန်း၏ အသုံးဝင်မှု၊ ဆက်သွယ်ရေးကောင်းမွန်စွာသုံးနိုင်မှုတို့ကိုကြည့်ပြီး တန်ဖိုးဖြတ်ပါတယ်။ ငွေနဲ့တန်ဖိုးမဖြတ်ပါ။



(မေး)၂ ။ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင်မိပါသလဲ ။

(ဖြေ)၂။မြန်မာပြည်နှင့် တခြားသော ဆင်းရဲနိုင်ငံများမှာ ဟန်းဖုန်းကို လူတိုင်း မကိုင်ဆောင်နိုင်ကြပါဘူး၊ချမ်းသာတဲ့ နိုင်ငံများ၊ တိုးတက်တဲ့နိုင်ငံများမှာတော့ ဟန်းဖုန်းကို အသက်(၇)နှစ်အရွယ်ကလေးများက အစ ကိုင်ဆောင်သုံးစွဲနေကြပါပြီ



သူတို့အတွက် ဒါဟာ အဆန်းမဟုတ်တော့ပါဘူး။

မြန်မာပြည်မှာကတော့ ဟန်းဖုန်းကိုင်ဆောင်ထားတဲ့ သူတွေဆိုရင် လူအထင်ကြီးခံရပါတယ်။

အဲဒါဟာ ဘာကြောင့်လဲ?

ဖုန်းရဲ့ (၂၅)သိန်းဆိုတဲ့ တန်ဖိုးကြောင့်ပါပဲ။

“မြန်မာပြည်မှာ ဟန်းဖုန်းကို လူတန်းစားတစ်ရပ်သာလျှင် ကိုင်ဆောင်နိုင်ရမည်”ဆိုတဲ့ အာဏာရှိပုဂ္ဂိုလ်တစ်ဦးရဲ့စက

ားကို အခုထိ ကျမ မှတ်မိနေတုန်းပါပဲ။

အဲဒီအယူအဆဟာ သိပ်ကိုမှားပါတယ်။

ကျမအမြင်ကတော့“ ဖုန်း”ဆိုတာ ဆက်သွယ်ဖို့ပါ၊ ဖုန်းတစ်လုံးရှိယုံနဲ့ အချိန်တိုအတွင်းမှာ အလုပ်ပေါင်းများစွာ၊ နိုင်ငံနဲ့ချီတဲ့ သတင်းများစွာကို အချိန်တိုအတွင်းမှာ သိရှိနိုင်ပါတယ်။

အချိန်ကုန်၊ လူပင်ပမ်းသက်သာပါတယ်။

“ဖုန်း”တစ်လုံးရဲ့အသုံးဝင်မှုဟာ စီးပွားရေး၊လူမှုရေး၊ကျန်းမာ

ရေး..ပိုင်းတွေမှာ အရမ်းကိုအရေးပါတယ်လို့ ကျမထင်ပါတယ်။

အဲဒီအတွက် မြန်မာပြည်သူတွေမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ပိုင်ခွင့်ရှိသူများကို တီရှပ်များပေါ်စတေကာကပ်တောင်းဆိုခြင်းများဟာလည်း တောင်းဆိုသင့်တဲ့အခွင့်အရေးတစ်ခုလို့ မြင်ပါတယ်။



(မေး)၃ ။ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော

်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင်မိပါသလဲ ။

(ဖြေ)၃။လူ့အခွင့်အရေးတစ်ရပ်အနေနဲ့ တောင်းဆိုသင့်တဲ့ အခွင့်အရေးတစ်ရပ်ပါပဲ။
သို့သော် ဖုန်းတစ်လုံး(၅၀၀၀)ကျပ်ဖြစ်ရေးထက် ပိုပြီးအရေးကြီးတဲ့တောင်းဆိုချက်တွေ အများကြီးရှိနေပါသေးတယ်ဆိုတာကို သတိပေးပါရစေ။



(မေး)၄ ။ ငါးထောင်တန် ဖုန်းများပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
(ဖြေ)၄။ ကြိုဆိုပါတယ်။


၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။ ၅။ဟန်းဖုန်းတစ်လုံးကို ငွေအနည်းငယ်မျှဖြင့် ဝယ်ယူသုံးစွဲနိုင်ကြမယ်ဆိုရင် အထက်မှာ ကျမပြောခဲ့သလို ဆက်သွယ်ရေးပိုင်းမှာ အများကြီးအထောက်အကူပြုလာမှာ

အမှန်ပါပဲ။

(၅၀၀၀)တန်ဖုန်းကို တစ်ကယ်ထုတ်မယ်ဆိုရင် ထုတ်လို့ရပါတယ်၊
(၅)သိန်းတန်ဖုန်းတောင်ထွက်နေပြီပဲ..၊ အလားအလာ အများကြီးရှိပါတယ်။ မြန်မာပြည်နဲ့ပတ်သက်လို့ မည်သည့်ကိစ္စမဆို တိုးတက်ဖို့ဆိုရင် ထောက်ခံမဲတစ်မဲ အသင့်ကိုင်ဆောင်ထားပါကြောင်း အသိပေးရင်း (၅၀၀၀)တန်ဖုန်းများ ထွက်ရှိရေးအတွက် သက်ဆိုင်သူများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေ...။

Post a Comment

Related Posts with Thumbnails

ရေးနေသမျှ စာစုများ