Pages

Facebook Fan Box

“ သင်သည် ဖေ့ဘုတ် သုံးသူတစ်ယောာက် ဖြစ်ပါက အောက်ရှိ Fan Page တွင် Like လုပ်ထားခြင်းအားဖြင့် ဘလော့ဂ်မှပို့စ်များအား ဖေ့ဘုတ်တွင် တပြိုင်နက်တည်း ဖတ်ရှုနိုင်ပါပြီ ”

Fan Page's Update

Sunday, June 3, 2012

ဂုဏ်ယူပါတယ် ----အမေ



ဂုဏ်ယူပါတယ် ----အမေ

၁ ။ နံနက်ခင်းရဲ့သံစဉ်မှာ ---အလင်းတွေပြိုးပြိုးပျက်ပျက်ယိုဖိတ်ပြီးနောက်
အမေ့ရဲ့ချစ်ခြင်းရနံ့တွေ --လွှမ်းခြုံ
ကျွန်တော်တို့ချမ်းတုန်နေလည်း---ရင်မှာအမြဲနွေးနေဆဲ
အမေက---ဝေးနေတဲ့သားသမီးတွေအတွက်တောင် စိုးရိမ်နေရှာခဲ့သူ ။

၂ ။ နှစ် ၂၀ ကျော်ကြာခဲ့ပြီပေါ့အမေ
ရင့်ကျက်တည်ငြိမ်ရဲရင့်မှုနဲ့---အမေဖော်ဆောင်ခဲ့တဲ့ “ ဒီမိုကရေစီ ”
“ လူ့အခွင့်အရေး အပြည့်ရစေရမယ် ” တဲ့
အမေ့ဘ၀တွေခါးလည်း---မျက်ရည်တစ်စက်မကျ
ကျွန်တော်တို့ကို လူလုံးလှစေခဲ့တယ်
အမေရယ်---(ကျွန်တော်လေ---သနားလိုက်တာ ---)
အမေ့ရဲ့ခြေလှမ်းတွေ---အမေ့ရဲ့ မျက်ဝန်းတွေ
(အို)---အမေ့အမည်နာမတစ်ခုနဲ့တင်
အုတ်အော်သောင်းနင်း---မောင်းသတင်းခတ်စရာမလို
လူထုက သည်းသည်းလှုပ်ချစ်ကြတယ်အမေ ။

၃ ။ အမေဘာတွေတွေးနေသလဲ ---
အမေ ဘာတွေရေးနေသလဲ ---
အခြေခံလူတန်းစားတွေရဲ့ အမှောင်ညကောင်းကင်ယံတွေအကြောင်းလား
ခရိုနီဆန်ဆန် လူ့အန္ဓတွေရဲ့ ခေါင်းပုံဖြတ်စီးပွားရေးစနစ်တွေအကြောင်းလား
ကြောက်ရွံ့မှုနဲ့လွပ်လပ်မှု မညီမျှခြင်းတွေအကြောင်းလား
ကျွန်တော်သိချင်လိုက်တာ အမေ ---
(တကယ်ဆို)
အေးချမ်းနေခဲ့သင့်တာပါ ။

၎ ။ အမေပြောခဲ့တယ်
“ အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ ဖန်တီးပေးဖို့လိုတယ် ”
မှန်တာပေါ့အမေ
ပညာတတ်ကြီးတွေ---အဲဒီပညာတွေသယ်ပြီး အပြင်ထွက်အလုပ်လုပ်ကြတယ်
(ပညာနဲ့လစာမတန်လို့တဲ့အမေ )
ဘွဲရကြီးတွေ ---အလုပ်လက်မဲ့ဖြစ်နေကြရတယ်
(အလုပ်တွေမရှိလို့တဲ့အမေ )
နိုင်ငံခြားသွားမှ ---ကောင်းစားရမယ့်ဘဝ
ကျွန်တော်ရင်နာလို့မဆုံးခဲ့ဘူး
သူတို့---တိုင်းပြည်ကိုမချစ်လို့မဟုတ်ဘူး
သူတို့---တိုင်းပြည်ကို မတွယ်တာလို့မဟုတ်ဘူး
သူတို့---တိုင်းပြည်ကို မမြတ်နိုးလို့မဟုတ်ဘူး
“ အရာရာမှာ အမှောင်ချခံထားတဲ့ ဘ၀တွေမို့--
တစ်ခါလောက်တော့ “လင်း” ချင်သေးသတဲ့အမေ ”
ဒီလိုနဲ့ပေါ့---
ကျွန်တော်တို့တိုင်းပြည်ထဲ--အလင်းပွင့်ကလေးတွေ လျော့နည်းလာကုန်တယ် ။

၅ ။ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကြီးမှာ အမေ့အတွက်လက်ခုပ်သံတွေ
ကျွန်တော်တို့ကြားရတယ် အမေ---
ဂုဏ်ယူလို့မဆုံး---၀မ်းသာလို့မဆုံး---ကြည်နူးလို့မဆုံး
ပျော်တပြုံးပြုံးပေါ့အမေရယ်---
ရဲရင့်ပြတ်သားတဲ့ အမေ့စကားသံအောက်
ကမ္ဘာ့အလယ်မှာ “ မြန်မာ” ကို ၀င့်ထည်စေခဲ့တယ်
တည်ငြိမ်ရင့်ကျက်တဲ့ဖြေကြားမှုတွေအောက်
နားထောင်သူတွေရဲ့ ပါးစပ်တွေကို ဆွံ့အစေလို့
အမေတစ်ခွန်းပြောတိုင်း--ပေါက်ကွဲမတတ်အားပေးသံတွေနဲ့
အမေဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ကြောင်းပြသခဲ့ ။

၆ ။ အမေထပ်ပြောခဲ့တယ်
“ နှစ် ၃၀ အတွင်း ဘန်ကောက်-ရန်ကုန် ကွာခြားမှုက စဉ်းစားစရာဖြစ်လာခဲ့ပြီ ” တဲ့
သွေးထွက်အောင်မှန်တယ်အမေ ---
အရင်က ကျွန်တော်တို့ မော်ခဲ့သလောက် အခုထိ ငုံ့နေရဆဲ
အရင်က ကျွန်တော်တို့ ကျော်ခဲ့သလောက် အခုထိ ငုပ်နေရဆဲ
“Suppose to be democratic ---” လို့ သုံးစွဲခဲ့တာလေး
ကျွန်တော်ခပ်ရေးရေးတွေးနေမိတယ်
ဆန္ဒတွေ ---ဘ၀တွေ---
တစ်နေ့တော့ပြည့်လာကြမှာပါအမေရယ် ---။

၇ ။ “ လူဆိုတာ မျှော်လင့်ချက်နဲ့အသက်ရှင်ရမယ် ”
အမေ့မျှော်လင့်ချက်ဟာ ကျွန်တော်တို့အတွက်
တိုင်းပြည်အတွက်---အနာဂါတ်အတွက်
အသီးအပွင့်တွေစုံလို့ပါလားအမေ
ဒါပေမယ့်အမေရယ်
လူလူခြင်းသွေးစုပ်---အမြတ်ထုတ်တဲ့စီးပွားရေး
အရှေ့ကပူ--အနောက်ကဆူ လူလူသူသူမနေရတဲ့ဘ၀တွေ
ဟိုပြေးဒီပြေး--အနေဝေးခဲ့ကြတဲ့ မောင်နှမသားချင်းတွေ
သေနတ်ကျည်ဆံတွေအောက်---အမှန်တရားတွေပျောက်
ညာလက်က ---ဘယ်လက်ကို ဓါးနဲ့ ထိုး
ကျွန်တော်တို့ ဆိုးခဲ့ကြတယ်အမေ
ကလေးတွေ---ကလေးတွေ----အမိုးမဲ့ကောင်းကင်ကြီးအောက်
အမိမဲ့ ရေနည်းငါး ဘ၀တွေနဲ့
သူတို့ရဲ့ အနာဂါတ်အာမချံက်တွေက
မတွေးရဲအောင်---ဝေးဝေးနေဆဲပါလားအမေရယ် --- ။

၈ ။ အမေလျှောက်ခဲ့တဲ့လမ်း---အမေဖောက်ခဲ့တဲ့လမ်း
အမေစိုက်ခဲ့တဲ့ပန်း---ဘယ်တော့မှ မနွမ်းစေရပါဘူး
အသက်အရွယ် ခန္ဓာဗေဒအရ အမေ အိုပေမယ့်
လိုနေသေးတဲ့ “ စိတ်မချခြင်း ” တွေအတွက်
အမေ့စိတ်ဟာ အမြဲနုပျိုနေဆဲ
သစ်လွင်နေဆဲ ----တောက်ပနေဆဲပါ ။

၉ ။ ကျွန်တော်တို့ပြန်လာစေချင်ကြသလို
သူတို့လည်းပြန်လာချင်ကြပါတယ်အမေ
ဒါပေမယ့်အမေရယ်---
ကွာခြားလွန်းတဲ့မညီမျှခြင်းတွေအကြား
စတေရမယ့်အစိတ်အပိုင်းတချို့ကြောင့်---
“ဆုံးဖြတ်ချက်ချဖို့ မရဲသေးတဲ့အကြောင်း ”
သူတို့စာလုံးပေါင်းတွေ မြင်နေရတယ်အမေ
နားလည်ပါတယ်အမေရယ်---အဲဒီလိုနဲ့
ရက်တွေပြီးလာလေလေ --- ခရီးတွေ နီးလာလေလေပါပဲ ။

၁၀ ။ “ အမေ--ကျန်းမာရေးကို ဂရုစိုက်ပါ ”
အမေကျန်းမာမှ -- ကျွန်တော်တို့ဘ၀တွေ လန်းဖြာကြမယ်
ခါးသီးတဲ့လောကဓံတွေကြား
အမေကျော်ဖြတ်ခဲ့တဲ့ ည ဆိုးတွေအကြောင်း
သောာင်းသောင်းဖြဖြ ပြည်သူ့လက်ခုပ်သံတွေနဲ့
ဖုံးအုပ်ပစ်လှဲ့ပါအမေ --
အမေ---ဘေးရန်ကင်းပါစေ
အမေ---စိတ်ဆင်းရဲ့ကင်းပါစေ
အမေ---ကိုယ်ဆင်းရဲကင်းပါစေ
အမေ---ချမ်းသာကိုယ်စိတ်မြဲပါစေ
ကျွန်တော်တို့အားလုံးတောင်းဆုတွေခြွေ ----။
(ကမ္ဘာမကြေ---မြန်မာပြည်---ဒါတို့မြေ--ဒါတို့ပြည်
တို့ပိုင်တဲ့မြေ ----။)

သက်တန့်ချို
3 June 2012
(ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အမေစု မိန့်ခွန်းပြောဆွေးနွေးတာကို ယူကျု့မှာ ကြည့်ပြီးနောက် ဒီကဗျာလေးကို ချရေးခဲ့ ပါတယ် )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဆက်လက်ဖတ်ရှုရန်......

Thursday, May 31, 2012

ဖေ့ဘုတ်မှ ပုံမမြင်ရသူများအတွက် နည်းလမ်းကောင်းတစ်ခု

ဖေ့ဘုတ်မှ ပုံမမြင်ရသူများအတွက် နည်းလမ်းကောင်းတစ်ခု



၂ ရက်ရှိပြီ ပုံတွေမမြင်ရတာ Facebook Server Error ကြောင့်ပဲ ထင်နေမိတယ် ။ သေချာပြန်ကြည့်တော့မှ mpt တစ်ခု တည်းဖြစ်နေတာတွေ့ခဲ့ရတယ် ။ တစ်ခုခု error တက်တာကြောင့်လို့ထင်ပါတယ် ။ ဒါကြောင့် ဖေ့ ဘုတ်က ပုံတွေမမြင်ရသူတွေအတွက် နည်းလမ်းကောင်းတွေအများကြီးရှိတဲ့အနက်က

ကျွန်တော်အကြိုက်ဆုံး နဲ့အဆင်ပြေအလွယ်ကူဆုံးနည်းကိုပဲဖော်ပြပေးလိုက်ပါတယ် ။ အောက်မှာပေး ထားတဲ့ အဆင့် အတိုင်းလုပ်ကြည့်ပါ ။

၁ ။ အောက်မှာပေးထားတဲ့လင့်က ဖိုင်လေးကို ဒေါင်းလုပ်ဆွဲလိုက်ပါ ။ Zip file နဲ့တင်ပေးထားပါတယ် .exe ဆိုရင် virus ဆိုပြီး Upload server တွေက ဘမ်းပစ်လိုက်ကြလို့ပါ ။ (Version 11.02 ပဲတင်ပေးထားပါတယ် Update တွေ လည်းရှိပါတယ် နောက်ပိုင်းသုံးရင်းနဲ့ သူ့ဘာသာသူ Update version ရပြီ ဒေါင်းမလားမေးရင် Ok or Yes လုပ်ရင် update ရလာပါလိမ့်မယ် )

Mediafire Link - http://www.mediafire.com/?9zoqc81b4d08rn2

4Share Link - http://www.4shared.com/rar/McBeb-Ok/U1102.html

မှတ်ချက် ။ ။ Google မှာ ရှာပြီးလည်း Download လုပ်သွားနိုင်ပါတယ် ။

၂ ။ Double Click နှိပ်ပြီး သူ့ကို run လိုက်ပါ ။ ခဏလောက်ကြာ တဲ့အခါ ပုံမှာမြင်ရတဲ့အတိုင်း Successfully connected to the server ဆိုပြီးပေါ်လာပါလိမ့်မယ် ။

၃ ။ ချက်ချင်းပဲ IE browser လည်းပေါ် လာပါလိမ့်မယ် ။ ကိုယ်က IE သုံးနေတာဆိုရင်တော့ တိုက်ရိုက်သုံး ယုံပါပဲ ။ မဟုတ်ပဲနဲ့ Firefox သို့မ ဟုတ် တခြား browser သုံးနေတာဆိုရင်တော့ အဲဒီပေါ်လာတဲ့ IE browser ကိုပိတ်လိုက်ပါ ။

၎ ။ ပြီးတဲ့အခါ ကိုယ်သုံးနေတဲ့ Browser ထဲက Tools>Options>Advanced>Network>Setting > ဆိုပြီးအ ဆင့်ဆင့်သွားပါ ။

၅ ။ ပြီးတဲ့အ ခါ Manual Proxy Configuration ကိုရွေးပါ ။ ပြီးရင် Http proxy နေရာမှာ 127.0.0.1 လို့ရိုက်ပြီး Port နေရာမှာ 9666 လို့ရိုက်ပါ ။

၆ ။ ပြီးရင် Use this proxy server for all protocols ကို အမှန်ခြစ်ပြီး ။ ပြီးရင် Ok တွေနှိပ်ပြီး သုံးနိုင်ပါပြီ ။

ဒါဆို ဖေ့ဘုတ်က ပုံတွေအကုန်လုံးပြန်မြင်ရပါပြီ ( မှတ်ချက် - ဒီနည်းလေးက အကုန်လုံးကျော် ခွလို့ရတဲ့ နည်းဖြစ် လို့ တခြား မမှန်ကန်တဲ့ နည်းလမ်းတွေမှာမသုံးစေချင်ပါဘူး ပိတ်ထားတဲ့ဆိုက်မှန်သမျှ အကုန်ပွင့်ပြီး အကျိုးရှိ မယ့် အရာတွေပဲ ရှာဖွေအသုံးပြုနိုင်ကြပါစေ )

သက်တန့်ချို
May 31 2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဆက်လက်ဖတ်ရှုရန်......

Wednesday, May 30, 2012

ဂင်းနစ်မှတ်တမ်း ၂ကြိမ်ဝင်ခဲ့တဲ့ ဂျုံမုန့်ပညာရှင် Liu Hui

ဂင်းနစ်မှတ်တမ်း ၂ကြိမ်ဝင်ခဲ့တဲ့ ဂျုံမုန့်ပညာရှင် Liu Hui



ဂျုံမုန့်ပညာရှင် Liu Hui ဆိုသူက ၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့က တရုတ်ပြည် မြောက်ပိုင်း Jianjin မှာ ဂျုံပူပေါင်း တစ်ခုမှုတ်နေပုံဖြစ်ပါတယ် ။ Liu ဟာ ရှန်ဟိုင်းမှာ ဂင်းနစ် မှတ်တမ်း ၂ ကြိမ် ၀င်အောင် ကြိုးစားအောင်မြင်ခဲ့သူဖြစ်ပါတယ် ။

ပထမတစ်ခုကတော့ ၁၉၁၈ မီတာအရှည်ရှိတဲ့ ခေါက်ဆွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒုတိယတစ်ခုကတော့ အချင်း ၁.၅ မီတာရှိ တဲ့ ဂျုံပူပေါင်းတစ်ခုကို မှုတ်ပြခဲ့ခြင်းဖြစ်ပါတယ် ။











မူရင်း - Pastry cook Liu Hui blows a pastry balloon in Tianjin, north China, May 24, 2012. Liu created two Shanghai Great World Guinness Records by stretching a 1918-meter-long noodle and blowing a pastry balloon with diameter of 1.5 meters. (Xinhua/Zhang Chaoqun)

သက်တန့်ချို
Link - http://news.xinhuanet.com/english/photo/2012-05/25/c_131609799.htm

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဆက်လက်ဖတ်ရှုရန်......

အမြီးပါတဲ့ ထူးဆန်းသောကြက်ဥ

အမြီးပါတဲ့ ထူးဆန်းသောကြက်ဥ



ပုံသဏ္ဍာန်မမှန်တဲ့ ထူးဆန်းဖွယ်ဥ ကို Shuangzhong မြို့မှာ ပြသထားပါတယ် ။ တရုတ်ပြည်အရှေ့ပိုင်း jiangxi စီရင်စုမှာ ၂၀၁၂ ခုနှစ် မေ ၂၇ ရက်နေ့က ပြသထားခြင်းဖြစ်ပါတယ် ။ ဒီပုံသဏ္ဍာန်မမှန်တဲ့ ထူးဆန်းတဲ့ ဥကို ရောင်ရမ်းတဲ့ရောဂါတစ်မျိုးဖြစ်နေတဲ့ ကြက်မ တစ်ကောင်က ဥထားခဲ့ခြင်းဖြစ်ပြီး ဥမှာပါတဲ့အမြီးအရှည်က ၃-၅ စင်တီမီတာလောက်ရှိတယ်လို့ ဆင်ဟွာ သတင်းဌာနမှာဖော်ပြထားပါတယ် ။







မူရင်း - A deformed egg is displayed in Shuangzhong town, East China's Jiangxi province, May 27, 2012. The bizarre shaped egg, produced laid by a hen was suffering inflammation, has a 3.5-centemeter tail. (Photo Source: chinanews.com)

သက်တန့်ချို
ှLink - http://news.xinhuanet.com/english/photo/2012-05/30/c_131620018.htm

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဆက်လက်ဖတ်ရှုရန်......

လူဖြစ်ရှုံးကြသူများ

လူဖြစ်ရှုံးကြသူများ

၁ ။ လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ အကြောင်းမ ရှိအကြောင်း ရှာ နှိမ့်ချ ပြောတတ်သူ ။

၂ ။ သူတပါးပျက်ဆီးရာပျက်ဆီးကြောင်း မဟုတ်မမှန် သတင်းလွှင့် ၊ အတင်းအဖျင်းပြောတတ်သူ ။

၃ ။ သူတပါးအပေါ်တွင် အမြဲ အနိုင်ယူလိုချင်နေသူ ။ သူတပါးမျက်ရည်စက်လက်အရှုံးကြီးရှုံးနိမ့်မှုအပေါ်တွင် ၀မ်းသာ အားရ အောင်ပွဲခံနိုင်သူ ။

၎ ။ ကိုယ့်လက်အောင်ငယ်သားအပေါ်တွင် ညှာတာမှုမရှိပဲ အမြဲလိုလို အကာအကွယ်မပေးပဲ ကိုယ်လွတ်ရုန်း၍ ကိုယ့်အ တွက်သာကြည့်တတ်သူ ။

၅ ။ နေရာတကာလူတတ်ကြီးလုပ်၍ မိမိသာလျှင် ပညာတွေပြည့်ဝနေသူ မိမိသာလျှင် အသိဆုံးအတတ်ဆုံးဟု မာန်မာ နထောင်လွှား၍ မောက်မာတတ်သူ ။

၆ ။ မိဘ စည်းစိမ်အပေါ်တွင် သာယာယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့် တစ်ပြားတစ်ချပ်မှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေချင်နေသူ ။

၇ ။ ကားပေါ်ရောက်သည်နှင့် လမ်းလျှောက်နေသူများ အကြောင်းမသိသူ ၊ လေယဉ်ပေါ်ရောက် သည်နှင့် မြေ ကြီးပေါ်က လူတွေအကြောင်းမသိသူ ၊ ချမ်းသာသွားသည်နှင့် ဆင်းရဲခြင်းဒုက္ခ များကိုမေ့ သွားပြီးအောက်ခြေ လွတ်သူ ။

၈ ။ မြေနိမ့်ရာ လှံစိုက် - ရေနစ်ရာ ၀ါးကူထိုး အမြဲလုပ်တတ်သူ ။

၉ ။ တစ်ခုခုဆိုလျှင် မှန်သည်မှားသည်မစဉ်းစားပဲ “ ငါလည်းဆွမ်းကြီးဝင်လောင်းလိုက်မယ် ” လို့ တွေးပြီး လူအ များနှင့်ရောနှောလုပ်ဆောင်တတ်သူ ။ ( ပြင်ပလောက ၊ ဖေ့ဘုတ် နှင့် နေရာအမျိုးမျိုးတွင် ထိုလူများရှိသည်)

၁၀ ။ ကိုယ်ကိုယ်တိုင်က မည်သည့်အရည်အချင်းမှ မရှိပဲ သူတပါး အောင်မြင်မှုအား မုဒိတာ မပွားနိုင်သူ မနာလို မရှူစိမ့်ဖြစ်ပြီး ဒေါသပွားနေသူ ။

သက်တန့်ချို
အတွေးစလေးများ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဆက်လက်ဖတ်ရှုရန်......

Related Posts with Thumbnails

ရေးနေသမျှ စာစုများ